အနားယူစရာ နေရာသစ်တစ်ခုလား မြစ်ကမ်းခြေ ညောင်ချောင်းသာ

ဒီကမ်းခြေဟာ အပြာရောင် လှိုင်းလုံးကြီးတွေ သဲသောင်ဖြူဖြူပေါ် ကျောက်ဆောင်တွေကြားကနေ အပြေးအလွှား ရိုက်ခတ်နေတဲ့ ပင်လယ်ကမ်းခြေတစ်ခုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်ကစပြီး ညောင်ချောင်းသာအဖြစ်နဲ့ လူသိများနေတဲ့ သောင်ထွန်းနေတဲ့ မြစ်ကမ်းခြေပဲဖြစ်ပါတယ်။
ရန်ကုန်မြို့ကနေ အနောက်ဖက် မိုင် ၄ဝလောက်ပဲဝေးတဲ့ ညောင်တုန်းမြို့နားမှာတည်ရှိပြီး ဧရာဝတီမြစ်အတွင်း မြစ်ကောလာပြီး သဲသောင်တွေထွန်းလာရာက သောင်ထွန်းတဲ့ကမ်းတစ်လျှောက် ဒေသခံတွေ ရေချိုးရာ မြစ်ဆိပ်တွေ ဖြစ်လာခဲ့ပါတယ်။ အခုတော့ လူသိများတဲ့ အပန်းဖြေရာ ကမ်းခြေတစ်ခုပုံစံအဖြစ် ပေါ်ပေါက်လာနေပါတယ်။

 

0 Comments

You can be the first one to leave a comment.

Leave a Comment