ဂစ်တာနိုင်ဇော် လူငယ်မျိုးဆက်သစ်များအတွက် ဂစ်တာတီးနည်းစာအုပ် ထုတ်ဝေ

ဂီတကို စိတ်ပါဝင်စားတဲ့ လူငယ်နဲ့ကလေးတွေအတွက် မြန်မာ့ဂီတလောကမှာ အောင်မြင်မှုရနေတဲ့ နိုင်ဇော်က သူရဲ့ ဒုတိယမြောက် ဂစ်တာတီးခတ်နည်းစာအုပ်ကို နိုဝင်ဘာ ၂ဝမှာမိတ်ဆက်ဖြန့်ချိလိုက်ပါတယ်

ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပတဲ့ နိုင်ဇော်ရဲ့ ဂစ်တာတီးနည်းစာအုပ်မှာ DVD ခွေတစ်ချပ်လည်း ပါဝင်ပြီး ရုပ်သံနဲ့ပါ ဂစ်တာတီးခတ်နည်းအဆင့်ဆင့်ကို ရှင်းပြထားပြီး အပေါင်းအသင်းမှားမှာစိုးလို့ ကလေးငယ်တွေကို ဂစ်တာသင်တန်း ပေးမတတ်တဲ့ မိဘတွေ သူ့တို့ကလေးငယ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လမ်းသစ်စဖောက်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတကာ ဂစ်တာတီးခတ်နည်းစာအုပ်တွေကနေ သီးသန့်ပြန်လည်ထုတ်နှုတ်ထားပြီး သူ့ရဲ့ စာအုပ်နဲ့ဆိုရင် တစ်လနဲ့ ဂစ်တာတီးတတ်ရမယ်လို့ ကြော်ငြာခဲ့ပါတယ်။

 

0 Comments

You can be the first one to leave a comment.

Leave a Comment