Yangon

Today

85.5 F (29.7 C)

Tomorrow

85.5 F (29.7 C)

aboutus

About Us

ရည်ရွယ်ချက်

ကမာရွတ်မီဒီယာ ကုမ္ပဏီလိမိတက်ကို မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး၊ နိုင်ငံရေးဆိုင်ရာ သတင်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ တင်ဆက်ထုတ်လွှင့်ဖို့ ၂ဝ၁၂ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ကမာရွတ်မီဒီယာဟာ မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး အွန်လိုင်းမီဒီယာ/ Online TV အဖြစ်နဲ့ သတင်းတွေကို ထုတ်လွှင့်နေပါတယ်။ ကမာရွတ်မီဒီယာဟာ ကျင့်ဝတ်စံနှုန်း အမြင့်ဆုံးကိုဆုတ်ကိုင်ပြီး လွတ်လပ်ပြီး မျှတတဲ့၊ ဘက်မလိုက်ဘဲ မှန်ကန်တိကျမှု အပြည့်အဝရှိဖို့ ကြိုးစားနေတဲ့ မီဒီယာဖြစ်ပြီး မြန်မာပြည်သူတွေ နိစ္စဓူဝ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေအတွက် သတင်းနဲ့ အချက်အလက်တွေက အရေးပါတယ်ဆိုတာကို ယုံကြည်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့

ကမာရွတ်မီဒီယာကို ထူထောင်သူ ဦးသက်မောင်ဟာ ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်တာဝန်ကို ယူပြီး ဦးဆောင်မှုပေးနေပါတယ်။ ကမာရွတ်မီဒီယာကုမ္ပဏီကို မထူထောင်မီ ဦးသက်မောင်ဟာ ကမ္ဘာ့အကြီးဆုံး စာရင်းစစ်/အတိုင်ပင်ခံကုမ္ပဏီဖြစ်တဲ့ PricewaterhouseCoopers USA, PricewaterhouseSingapore နဲ့ Deloitte Singapore တို့မှာ စာရင်းစစ်နဲ့ အကြံပေးဌာနမှာ ၁ဝနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမှုဆောင်ထုတ်လုပ်ရေးမှူးအဖြစ် ဦးနေသန်မောင်က သတင်းနှင့်သတင်းဆောင်းပါးများ ထုတ်လုပ်မှုအဖွဲ့ကို ကြီးကြပ်ရသူဖြစ်ပါတယ်။ ၂ဝ၁၂ခုနှစ်မှာ ကမာရွတ်မီဒီယာမှာ တာဝန်မယူခင် RFA ရေဒီယိုနဲ့ရုပ်သံအတွက် အကြံပေး၊ အမြင်သစ်သတင်းစာ၏ အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ၊ မဟာဗျူဟာမြောက်ချစ်တဲ့သူနဲ့ မှန်နန်းဆောင် ကန့်လန့်ကာများ နိုင်ငံရေး-သမိုင်းဆိုင်ရာ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့ပါတယ်။ UNC Greensboro တက္ကသိုလ်က Media Studies and Political Science ဘာသာရပ်တွေနဲ့ ဝိဇ္ဇာဘွဲ့ရရှိထားပါတယ်။

ဝန်ဆောင်မှု

ကမာရွတ်မီဒီယာဟာ Multimedia, Electronic Media, Print Media နဲ့ Entertainment Media ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထူထောင်ထားတာ ဖြစ်ပါတယ်

(က) မာလ်တီမီဒီယာ - ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်သံနှင့်ဆက်စပ်သော ဝန်ဆောင်မှု၊ ရေဒီယိုဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကွန်ပျူတာအကူအညီဖြင့် စာသား၊ အရုပ်၊ အသံ၊ အချက်အလက်နှင့် ဓာတ်ပုံများကို ပေးပို့ခြင်း၊ လက်ခံရယူခြင်းဆိုင်ရာ ဝန်ဆောင်မှု

(ခ) အီလက်ထရောနစ်မီဒီယာ - အင်တာနက်ဆက်သွယ်မှုကို အသုံးပြု၍ အီလက်ထရောနစ်ဆိုင်ရာ စာသား၊ အရုပ်၊ အသံ၊ အချက်အလက်နှင့် ဓာတ်ပုံများကို ပေးပို့ခြင်း၊ လက်ခံရယူခြင်းဆိုင်ရာ ဝန်ဆောင်မှု

(ဂ) ပုံနှိပ်မီဒီယာ - ပုံနှိပ်စာစောင်များ၊ ပုံနှိပ်-ထုတ်ဝေ-ဖြန့်ချိခြင်းဆိုင်ရာ ဆက်စပ်သော ဝန်ဆောင်မှုများ၊ အချက်အလက်ဆိုင်ရာ ဈေးကွက်ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေမြှင့်တင်မှုဆိုင်ရာ ဝန်ဆောင်မှု

(ဃ) ဖျော်ဖြေရေးမီဒီယာ - ဖျော်ဖြေရေးဆိုင်ရာ စာသား၊ အရုပ်၊ အသံ၊ အချက်အလက်နှင့် ဓာတ်ပုံများကို ရိုက်ကူး၊ ထုတ်လုပ်၊ ဖြန့်ချိ၊ ပြသမှုဆိုင်ရာ ဝန်ဆောင်မှု