Yangon

Today

85.5 F (29.7 C)

Tomorrow

85.5 F (29.7 C)

aboutus

Sales & Advertising

ကမာရွတ်မှာ ဘာ့ကြောင့်ကြော်ငြာသင့်သလဲ

-        မြန်မာနိုင်ငံရဲ့ ပထမဆုံး လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် အွန်လိုင်းရုပ်သံဖြစ်တယ်

-        အချိန်နဲ့တပြေးညီ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို တင်ပြပေးနေတယ်

-        ကမာရွတ်ရဲ့ ရုပ်သံသတင်းတွေကို လူသန်းပေါင်းများစွာ ပုံမှန်စောင့်ကြည့်သလို ပုံမှန်ကြည့်သူကလည်း
         နေ့စဉ် ထောင်ဂဏန်းချီပြီး တိုးများနေတယ်

-        မြန်မာပြည်သာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေဆီ အကန့်အသတ်မဲ့ ရောက်တယ်

-        ကြော်ငြာနှုန်းထားတွေကလည်း သင့်တော်ပြီး ဈေးနှုန်းချိုသာတယ်

-        ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေကို မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေ သန်းနဲ့ချီတဲ့ပြည်သူတွေဆီကို
          ပြန့်နှံ့သွားစေမယ့် မီဒီယာဖြစ်တယ်

-        ဆွဲဆောင်မှုရှိပြီး တီထွင်ဖန်တီးမှုရှိတဲ့ ကြော်ငြာဖြစ်ဖို့လည်း အကြံဉာဏ်တွေပေးတယ်

-        သတင်းတွေရောက်ဖို့ သိပ်ခက်ခဲတဲ့ ဒေသတွေအထိ အရောက်ပို့ပေးနိုင်တယ်

-        ဒါ့ကြောင့် သင့်ရဲ့စီးပွားရေးတိုးပွားစေဖို့ ကမာရွတ်မှာ ကြော်ငြာသင့်ပါတယ်။

မိုဘိုင်းလ် App နဲ့ Web

ကမာရွတ်မီဒီယာရဲ့ Mobile App (Android) ကို ပထမဆုံး ထုတ်လွှင့်လိုက်ပါပြီ။ ကမာရွတ် အင်တာနက်စာမျက်နှာမှာ အချိန်နဲ့တပြေးညီ ထုတ်လွှင့်နေတဲ့ စာသား၊ အရုပ်၊ အသံ၊ အချက်အလက်နဲ့ ဓာတ်ပုံတွေကို ပုံမှန်ရရှိနေမှာဖြစ်ပြီး ကြည့်ပြီးသားတွေကိုလည်း Offline အဖြစ် အချိန်မရွေး တွေ့မြင်နေရမှာပါ။ Phone နဲ့ Tablet နှစ်မျိုးစလုံးအတွက် အဆင်ပြေအောင် ရေးဆွဲထားတာဖြစ်ပြီး အင်တာနက်စာမျက်နှာပေါ်က စာသား၊ အရုပ်၊ အသံ၊ အချက်အလက်နဲ့ ဓာတ်ပုံတွေအဖြစ် ကြော်ငြာထားတွေလည်း Mobile App မှာ မြင်တွေ့နေရမှာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ သုံးစွဲသူအများစုဟာ မိုဘိုင်းလ်ဖုန်းကနေ သုံးစွဲမှုက ၆၅%ကျော် ရှိနေတာကြောင့် အနာဂတ်မှာ Mobile App ရဲ့ ထိရောက်မှုက ဦးဆောင်တဲ့ကဏ္ဍမှာ ရှိနေမယ်ဆိုတာ သေချာပါတယ်။

ကြော်ငြာ ၃မျိုး၃စား

ကမာရွတ်မီဒီယာရဲ့ အင်တာနက်စာမျက်နှာမှာ စီးပွားရေးလုပ်ငန်း ကြော်ငြာတွေကို ၁။ ပိုစတာ ၂။ စာသား ၃။ ဗီဒီယို ဆိုပြီး ၃မျိုးခွဲထားပါတယ်။ ပိုစတာကြော်ငြာကတော့ ကမာရွတ်မီဒီယာရဲ့ တရားဝင်စာမျက်နှာ www.kamayutmedia.com ရဲ့ Home page အပါအဝင် စုစုပေါင်း ကဏ္ဍ ၉ခုရှိပါတယ်။ အဲဒီ ၉ခုစလုံးမှာ ပိုစတာတွေကို သတ်မှတ်ထားတဲ့ အရွယ်အစားနဲ့ နေရာအလိုက် Code နံပါတ်တွေနဲ့ ခွဲခြားသတ်မှတ်ထားပြီး အရောင်းနဲ့ကြော်ငြာဌာနကို ဆက်သွယ်ပြီး အသေးစိတ်ကို တောင်းခံနိုင်ပါတယ်။ စာသားကြော်ငြာကတော့ အင်တာနက်စာမျက်နှာရဲ့ နောက်ဆုံးရသတင်းတွေ၊ သတင်းဆောင်းပါးတွေကြားထဲမှာ အမြဲတမ်း တတိယမြောက်မှာ ဖော်ပြတဲ့ကြော်ငြာဖြစ်ပြီး ဒီနည်းဟာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ လိုအပ်ချက်တွေ၊ ဖော်ပြချင်တဲ့ ဓာတ်ပုံ၊ စာသား၊ ဗီဒီယိုနဲ့ အချက်အလက်တွေကို တိုင်ပင်နိုင်ဖို့ အရောင်းနဲ့ကြော်ငြာဌာနကို ဆက်သွယ်ပြီး အသေးစိတ် ဆွေးနွေးနိုင်ပါတယ်။ ဗီဒီယိုကြော်ငြာကတော့ သတင်းရဲ့အစနဲ့ အဆုံးတွေမှာ (၁၅ စက္ကန့်နဲ့ ၅ စက္ကန့်)စီ ထည့်သွင်းဖော်ပြတာဖြစ်ပြီး ထုတ်လွှင့်ပြသတဲ့ အကြိမ်အရေအတွက်နဲ့ ကျသင့်ငွေကို သတ်မှတ်ထားပါတယ်။ ဈေးနှုန်းအသေးစိတ်နဲ့ နည်းပညာဆိုင်ရာ မေးခွန်းတွေအတွက် အရောင်းနဲ့ကြော်ငြာဌာနကို ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။