Yangon

Today
73 F (22.8 C)

Tomorrow
73 F (22.8 C)
Editor's Choice
စာအုပ်ပေါင်း ၅ဝဝကျော် ပါဝင်တဲ့ ဟောင်ကောင်အခြေစိုက် အာရှအနုပညာမော်ကွန်းတိုက်ရဲ့ ရွေ့လျားစာကြည့်တိုက်ကို အလံပြဘုရားလမ်းပေါ်က New Zero Art Space ပြခန်းမှာ ဇန်နဝါရီ ၅ရက်နေ့အထိ ဖွင့်လှစ်ထားပါတယ်။ ဘာဖြစ်လို့ ရွေ့လျားအနုပညာစာကြည့်တိုက် နေရာတွေပြောင်းပြီး ဖွင့်နေတာလဲ။
အာရှမှာရှိတဲ့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းအနေနဲ့ စုဆောင်းပြီး အာရှမော်ကွန်းတိုက်လုပ်ဖို့ အာရှနိုင်ငံတွေမှာ ရွေ့လျားစာကြည့်တိုက်အဖြစ် ဖွင့်လှစ်ပြသသလို စာအုပ်တွေလည်း အလှူခံပါတယ်လို့ စီစဉ်သူက ဆိုပါတယ်။ မြန်မာအနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့လိုချင်တဲ့စာအုပ်တွေနဲ့ သူတို့မှာရှိတဲ့ အနုပညာဆိုင်ရာ စာအုပ်တွေကိုလည်း ပြသထားပါတယ်လို့ ပြောပါတယ်။
ရန်ကုန်မှာ အနုပညာဆိုင်ရာ စာအုပ်တွေအများကြီး ရှိပေမယ့် နယ်တွေမှာ မျှတတဲ့အခွင့်အလမ်းရဖို့၊ သူတို့ဆီ အနုပညာစာအုပ်တွေ မျှဝေနိုင်ဖို့ အခွင့်အလမ်းလည်းဖြစ်တဲ့အကြောင်း
မကြာခင်မှာလည်း မန္တလေးမှာ ရွေ့လျားစာကြည့်တိုက် သွားဖွင့်မှာဖြစ်လို့ စိတ်ဝင်စားတဲ့ နယ်မြို့တွေကလည်း ဆက်သွယ်လို့ရပြီး သူတို့စာကြည့်တိုက်မှာ အခမဲ့လာဖတ်နိုင်ပါတယ်လို့ ဆိုပါတယ်။
- About Us
- Sales & Advertising
- Marketing
- Job Opportunities
- Our Correspondents
- Our Partners
- Terms & Conditions
- Contact Us
- Kamayut Media © 2014